Lure Bait Casting  by@k hla po

မြန်မာပြည်မှာအလွန်ခေတ်စားနေသော မျှားနည်းဖြစ်ပါတယ်။‌ရေပေါ်နှင့်‌ရေအောက်သုံး အရုပ်အတုလေးများဖြင့် ငါးရံ့၊ကကတစ်၊ငါးဘတ်စ‌သော အရှင်စာကြိုက် သားစားငါးများကို ဆွဲဆောင်မျှားယူနည်းဖြစ်ပါတယ်။ Casting စပစ်မယ်ဆို မရှိမဖြစ်လိုအပ်တယ့်ပစ္စည်းတွေကတော့ ကိုင်းတံ၊စက်သီး၊ကြိုးနှင့် ငါးကိုဆွဲဆောင်ရန်အရုပ်များဖြစ်ပါတယ်။

စကားမစပ် ဒီပစ္စည်းတွေရဲ့အကြောင်းနဲ့ အသုံးပြု၊အသုံးဝင်ပုံတွေနဲ့အတွေ့အကြုံတွေကို Beginners တွေအတွက်ရည်ရွယ်ဝေမျှပေးတာဖြစ်ပါတယ်။အသေးစိတ်ကတော့အလျှင်းသင့်သလိုဆက်ရေးပေးပါ့မယ်။

>> ကိုင်းတံမိတ်ဆက် <<
အရင်ဆုံးစဉ်းစားရမှာက ဒီကိုင်းတံနဲ့ ရေပေါ်ရုပ်ဆော့မှာလား၊ရေအောက်ရုပ်ဆော့မှာလားဆိုတာကို ဦးစားပေးစဉ်စားဖို့လိုပါတယ်။ရေပေါ်ရုပ်ပဲ ဆော့မယ်ဆိုရင်တောင် ငါးမိရင် အားနဲ့ပြင်းပြင်းရိုက်မှာလား၊ထိုင်းက angler တွေလို ဆွဲမရုံလောက်ရိုက်မှာလားဆိုတာကို ကြိုတင်ဆုံးဖြတ်ထားသင့်ပါတယ်။အားနဲ့အပြင်းရိုက်မယ်ဆိုရင်‌တော့ H,XH,XXH လိုအမာကိုင်းတွေကိုစဉ်းစားသင့်ပြီး၊ပုံမှန်ရိုက်ရုံဆိုရင်တော့ MH,H, တို့ကိုရွေးရပါမယ်။ရေအောက်ရုပ်ဆော့မယ်လို့ စဉ်းစားထားရင်တော့ UL,ML,L,MH လို ကိုင်းတံအပျော့တွေကို ရွေးချယ်သင့်ပါတယ်။ကိုင်းတံရဲ့ power ကိုရွေးချယ်ပြီးရင်၊ကိုင်းအရှည်ကလည်း ကိုယ့်မျှားကွင်းနဲ့ကိုက်ညီအောင် ရွေးချယ်ဖို့လိုအပ်ပါတယ်။ဆည်ကြီးတွေ၊အင်းကြီးတွေမှာမျှားမယ့်သူတွေအတွက် ၈ပေကိုင်းကလိုအပ်ပေမယ့်၊အကြိုအကြားတိုးမယ့်သူတွေ၊ပစ်ကွင်းမလွတ်မလပ်တဲ့သူတွေကတော့ ၅ပေခွဲဆို အဆင်ပြေပါပြီ။ဒီလောက်ဆို casting သမားတယောက်အတွက် ကိုင်းတံတချောင်းတည်းက မလုံလောက်ဘူးဆိုတာ သိ‌ပြီထင်ပါတယ်။တခါတလေကိုယ်ဘယ်လိုပုံစံမျှားချင်တယ်ဆိုတာ စဥ်းစားမရဖြစ်နေတတ်တယ်။ကျနော်အကြံပေးချင်တာတော့ MH လောက်နဲ့စမျှားသင့်ပါတယ်။ သူကမပျော့မမာအနေအထားဖြစ်တဲ့အတွက် ညီကိုတို့က မျှားရင်းနဲ့ကိုယ်ဘယ်ဘက်အားသာလဲဲ၊အမာဘက်အားသာလား၊အပျော့သမားလားဆိုတာ သေချာသိသွားမှာဖြစ်ပါတယ်။ နောက်တချက်ကိုင်းတံရွေးချယ်မှုမှာ မိမိမျှားမဲ့ကန်အနေအထားကိုလည်းသိရှိဖို့လိုပါမယ်။ ကန်ဗြောင်တွေမှာသိပ်မထူးပေမယ့် ကမ်းဘေးမှာရေညှိရေမှော်ထူထပ်တဲ့ကန်မျိုးတွေမှာကြတော့ တောင့်တင်းသောကိုင်းတံကိုရွေးချယ်စေလိုပါတယ်။ ဒီလိုကန်မျိုးမှာကိုင်းအပျော့နဲ့မျှားလို့ရတယ်ဆိုပေမယ့် ဒိုက်ပင်၊မှော်ပင် တွေအောက်ကိုဆွဲတတ်တဲ့ငါးမျိုးနဲ့တွေ့တဲ့အခါ ငါးလည်းလွတ်သွားနိူင်သလို ဒိုက်ပင်မှော်ပင်တို့နဲ့ငြိပြီး မိမိတို့ရဲ့ကိုင်းတံ၊အရုပ်နှင့်ကြိုးတို့ပျက်စီးဆုံးရှုံးနိုင်ပါတယ်။
တကယ်တမ်း Casting သမားဆိုတာကန်တစ်ကန်၊ပစ်ကွင်းတခုထဲမှာ ဘယ်တော့မှအကြာကြီးမမျှားချင်ကြပါဘူ။းမျှားကွင်းအသစ်တွေကို ပိုစိတ်ဝင်စားကြပါတယ်။ဒါကြောင့်လည်း တွေ့ကြုံရမဲ့ကန်အနေအထားနဲ့ အဆင်ပြေမယ့်ကိုင်းတွေဝယ်စုရင်းနဲ့က်ိုင်းတွေများသွားတတ်ကြပါတယ်။

ကိုင်းတံအမျိုးအစားက အများကြီးရှိပါတယ်။စျေးက ၁၀၀၀၀ ကျပ်လောက်ကနေပြီး ၉၀၀၀၀၀ ကျပ်လောက်အထိရှိပါတယ်။ ကိုယ့်ရဲ့ဝင်ငွေပေါ်မူတည်ပြီးချင့်ချိန်နိူင်ဖို့ပါ။ (ခုမှစမျှားမဲ့သူတွေကတော့ဈေးသက်သာသောကိုင်းတံသာအသုံးပြုဖို့အကြံပေးချင်ပါတယ်)
အခြေခံတွေ သိပြီဆိုတော့အပျော့အမာရွေးပါမယ်။ကိုယ်ကကြမ်းတာကြိုက်လား၊နုတာကြိုက်လားအရင်ဆုံးဖြတ်ပါ။ကိုယ့်ရဲ့စိတ်အခြေအနေပေါ်မူတည်ပြီး ငါးမျှားပစ္စည်းဆိုင်မှာ သေချာရွေးချယ်ဝယ်ယူပါ။အချက်ရေများများ ပစ်မှာဖြစ်တဲ့အတွက် ပေါ့ပါးမှုကိုဦးစားပေးရွေးချယ်စေလိုပါတယ်။(ပေါ့ပါးလျှင်ဈေးပိုများတတ်ပါတယ်)藍藍
နောက်တစ်ချက်က ဘယ်လောက်ကောင်းကောင်း၊ဈေးဘယ်လောက်ကြီးကြီး ကိုင်းတံဆိုတာ၊သူ့ရဲ့ခံနိူင်ဝန်ကျော်သွားရင် ကျိုးတတ်တယ်ဆိုတာ မေ့မထားပါနဲ့။
နောက်ဆုံးအကြံပေးချင်တာကတော့ လေ့ကျင့်ပါ။ စာတွေ့ဘယ်လောက်ရှိရှိ လက်တွေ့မှာအဆင်ပြေချင်မှပြေမှာပါ။ ကိုင်းတံတချက်ပစ်တိုင်း က်ိုယ့်ရဲ့Skillတခါတိုးပါတယ်။
နောက်ပို့စ်တွေမှာ ကိုင်းတံအမျိုးအစား၊ပုံစံ၊အသုံးပြုပုံ၊ရွေးချယ်နည်းများနှင့်စက်သီး၊ကြိုး၊ဆက်စပ်ပစ္စည်းများ အကြောင်းဆက်ရေးပါ့မယ်။
 

Leave a Comment