Popping ဆိုတာနဲ့ အရုပ်နဲ့ (အစာတု) ငါးမျှားဖူးတဲ့သူတချို့သိကြတယ်။ပင်လယ်မှာလှေနဲ့ဖြစ်ဖြစ် ကမ်းစပ်ကကျောက်တုံးပေါ်ကနေ ဖြစ်ဖြစ် ရှေ့မှာအချိုင့်နဲ့ စောင့်ဆွဲ ရင် ရေတွေပလုံစီထပြီးအသံထွက်အောင် ပြုလုပ်ထားတဲ့ Popper နဲ့ ကျောက်တုံးတွေရှိတဲ့နားကို ပစ်ပြီးဆွဲယူမျှားတဲ့ နည်းစနစ် ဖြစ်ပါတယ်။

Popping မျှားဖို့ ကိုင်းတံ နှင့် အပျော့အမာ
ပစ်မျှားမဲ့ကိုင်းတံမှာ အပျော့၊အမာ အလိုက်နံပါတ်တွေကွဲပါတယ်။နံပါတ်မြင့်ရင်မာလာပါတယ်။ ဥပမာ၊
PE 4-6 /PE 6-8/PE 6-10/PE 8-10/PE-12 တို့မှာမှ၊PE 4-6 ထက် PE 6-8 ကပိုမာပါတယ်။
ဒါ့အပြင် ကိုင်းတံရဲ့အရှည်တွေဟာလည်း အပျော့ အမာ နဲ့နံပတ်ပေါ်လိုက်ပြီး အတိုအရှည်ကွာခြားသွားပါတယ်။ဥပမာ၊ 7′ / 7′.5″ / 7′.8″/ 7’11” /8′ /8’3″ စသဖြင့် ရှိကြပါPopping ဆိုတာနဲ့ အရုပ်နဲ့ (အစာတု) ငါးမျှားဖူးတဲ့သူတချို့သိကြတယ်။ပင်လယ်မှာလှေနဲ့ဖြစ်ဖြစ် ကမ်းစပ်ကကျောက်တုံးပေါ်ကနေ ဖြစ်ဖြစ် ရှေ့မှာအချိုင့်နဲ့ စောင့်ဆွဲ ရင် ရေတွေပလုံစီထပြီးအသံထွက်အောင် ပြုလုပ်ထားတဲ့ Popper နဲ့ ကျောက်တုံးတွေရှိတဲ့နားကို ပစ်ပြီးဆွဲယူမျှားတဲ့ နည်းစနစ် ဖြစ်ပါတယ်။တယ်။
နောက်တခုက Lure (ငါးရုပ်)ပစ်လို့အဆင်ပြေမဲ့အလေးချိန်ကို ကိုင်းတွေမှာရေးထားပါတယ်။ PE 4-6ဆိုရင် Max 120g လို့ရေးတာတွေ့ရပါမယ်။ တချို့ကလည်း 60-120g ရေးကြပါတယ်။အဲ့လိုရေးရတဲ့အကြောင်းရင်းကတော့ ငါးရုပ်ဟာ 150 Gram ရှိတယ်ဆိုရင်၊ကိုယ်ပစ်မဲ့ကိုင်းတံက အမြင့်ဆုံး 120g ပေးထားတယ်ဆိုရင်၊ ပစ်လိုက်ရင်ကိုင်းကပျော့ပြီး ပစ်ချင်တဲ့နေရာကိုရောက်မှာမဟုတ်သလို အခန့်မသင့်ရင် ကိုင်းကျိုးတတ်ပါတယ်။
ကျွန်တော့အတွေ့အကြုံအရ PE 4-6 ဆိုရင် အရုပ်အလေးချိန် 70g မှ 100g ထိပဲပစ်လို့ကောင်းပါတယ်။ အလေးချိန်ပေါ့ရင်လည်း ပစ်လို့မကောင်းသလို အရမ်းလေးရင်လည်း ပစ်ရတာအဆင်မပြေပါဘူး။
နောက်ပြီး Popping ကိုင်းတံတွေဟာ များသောအားဖြင့် နှစ်ဆက်လာတာများပါတယ်။
Butt Joint (လက်ကိုင်ရိုးထိပ်ဖက်က စွပ်ထည့်ရခြင်းကိုဆိုလိုတာပါ)
2 Section (ကိုင်းတံရဲ့ခါးလည်ကနေစွပ်ပြီး နှစ်ဖက်ဆက်ရခြင်းကိုဆိုလိုတာပါ)
Popping rod(ပစ်မျှားကိုင်းတံ)သုံးလို့အဆင်ပြေမဲ့ Brand တွေကိုကျွန်တော့်အတွေ့အကြုံအရ ရွေးချယ်ပေးထားပါတယ်။
Pioneer -GT Terror II
Pioneer-Dog Tooth II
Ryoko-GT Kakkar
Shimano-Ocea Plugger Full Throttle S83H
ဒါတွေအပြင် တခြားသုံးကောင်းတဲ့ ကိုင်းတွေလည်းရှိပါသေးတယ်။ တကယ်နားလည်တဲ့ ဆိုင်တွေမှာကိုမေးဝယ်ပါ။
(မှတ်ချက်)
ကိုယ်နဲ့ကိုက်ညီမဲ့ ကိုင်းတံကိုဆိုင်တွေမှာ သေချာရွေးချယ်ပြီးမှ ဝယ်ယူပါ။

>> Popping မျှားမည့်SpinningReel(စက်သီး)ရွေးချယ်ခြင်း <<
Popping စပြီးပစ်တော့မယ်ဆိုရင် စက်သီးရဲ့ Drag (ဘရိတ်)ဟာ အနည်းဆုံး 13 KG ရှိရပါမယ်။ စက်သီးရဲ့ ဆိုဒ်က အနိမ့်ဆုံး Shimanoထဲကဆို 8000 ဆိုဒ် လောက်စသုံးရမှာပါ။ Penn ထဲကဆို 6000 ဆိုဒ် အနိမ့်ဆုံးထားသုံးပါ။Daiwa ထဲကဆို 6500 ဆိုဒ်ကစသုံးပါ။
ပြီးရင် Gear Ratio ။ ။
Gear Ratio မှာ HG(High Gear) PG (Power Gear) ဆိုပြီးရေးကြပါတယ်။ဒါပေမဲ့ အဲလိုရေတာ Shimano မှာပဲအများဆုံးတွေ့ဖူးတာပါ။
Daiwa မှာတော့ High Gear ဆို (H) လို့ရေးပါတယ်။4:1:1 ဆိုရင် PG လို့ခေါ်ဆိုလို့ရပါတယ်။ 5: ကျော်မှ HG လို့ခေါ်ဆိုကြပါတယ်။
ဂီယာ Ratio အကြောင်းလေး ပြောပြပါ့မယ်။ဥပမာ၊ 4:1:1 ဆိုရင် Handle (လက်ကိုင်) ကိုတပတ်လှည့်ရင် 4.1 အကြိမ်ရေ လည်တယ်လို့ဆိုလိုတာပါ။
ဒါပေမဲ့ စက်သီးဆိုဒ် ကြီးမယ်၊ Spool (ကြိုးထည့်တဲ့ဘီး)ကြီးမယ်၊ကြိုးအပြည့်လည်း ထည့်ထားမယ်ဆိုရင် 4:7:1 Gear Ratio ဖြစ်သွားလည်း အဆင်ပြေပါတယ်။ ဘာကြောင့်လဲဆိုတော့ Spool ကြီးလို့၊ ကြိုးထုထည်ပိုဝင်တာကြောင့်ပါ။
စက်သီးဆိုဒ် သေးမယ် ဂီယာ Ratio(ပတ်ရေ)လည်းနည်းမယ်ဆိုရင်၊ငါးမိလို့ စက်သီးကိုရစ်ရင် လက်ညောင်းပြီးလူပင်ပန်းပါတယ်။ ဒါပေမဲ့ Big Game (ငါးအကြီး)ဆော့ရင်၊အနောက်နိုင်ငံက Angler တချို့က PG ကိုပိုသဘောကျပါတယ်။ငါးအကြီးကို အချိန်ကြာကြာထိန်းနိုင်တာ/Power ရှိတယ်လို့ ဆိုနိုင်ပါတယ်။ Speed Jigging မှာလည်း PG ကိုကြိုက်ကြတာတွေ့ရပါတယ်။
Spinning Reel (စက်သီး) ရွေးချယ်သင့်တဲ့ အမျိုးစားများက
Penn Bettle II/III
Penn Spin Fisher V/VI
Penn Slammer III
Penn CFT
Shimano Socorro SW
Shimano Sphero SW
Shimano Saragosa SW
Shimano Twin Power SW
Shimano Stella SW
Daiwa BG
Daiwa Catalina
Daiwa certate SW
Daiwa Saltiga
Popping ငါးမျှားကစားနည်းမှာ များသော
အားဖြင့် GT ( Giant Trevally) မြန်မာအခေါ် (ငါးဂုံး/ငါးမှီးစင်း/ကုလားငူ) အများဆုံးဖမ်းမိပါတယ်။
တခြားRed Snapper (ငါးနီလုံး/ငါးပါးနီ) Spanish Mackerel (ငါးညို့/ဘီးစင်း/ငါးကျိန်တလီ) Barracudas (ငါးဒုတ်/သဘောင်္ဖောက်)တို့လည်းရတတ်ပါသေးတယ်။ဒီလောက်ဆို popping fishing sport မှာပါသည့်၊ကိုင်းတံ၊စက်သီးတို့အကြောင်းကို အခြေခံသိလောက်ပြီထင်ပါတယ်။
နောက်လာမယ့် အပိုင်းတွေမှာတော့ Pe line၊Leader၊လက်အိတ်၊Spilt ring၊ခါးထောက်၊စသည်တို့ရဲ့အကြောင်းတွေကိုလည်း ရေးပါဦးမယ်။



