” ဗုံးပစ်ဖို့ ဘာပစ္စည်းတွေလိုအပ်လဲ ”

ဒီလိုအိပ်တတ်ရပါ့မယ်
ဗုံးချိတ်ကတော့ ကိုယ်တိုင်ချည်နိုင်ရင်အကောင်းဆုံးလို့ပြောလို့ရပေမယ့်အဆင်မပြေလိုကိုယ်တိုင်မချည် ဖြစ်ရင်တောင် Quality ကောင်းတာကို ရွေးချယ်သုံးစေချင်တယ်
ဗုံးပစ်ခြင်းသည် များသောအားဖြင့် နှစ်ချို့ငါးကြီးတွေကိုအဓိကထား မျှားခြင်းဖြစ်သည့်အတွက် ကျတော်ကတော့ 3000ဆိုဒ် ထက်မသေးသော စက်သီး၊ ငါးကစားကောင်း
ပြီး ငါးခေါ်လို့ကောင်းမယ့် ဝေးဝေးပစ်လို့ကောင်းမယ့် 7ပေအရှည်ကိုင်းတံ၊3.0mm Pe ကြိုးဆိုဒ် Pe တွေကိုတော့ အကြံပေးပါရစေ။ဗုံးချိတ်ကတော့ ကိုယ်တိုင်ချည်နိုင်ရင်အကောင်းဆုံးလို့ပြောလို့ရပေမယ့် အဆင်မပြေလို့ကိုယ်တိုင်မချည် ဖြစ်ရင်တောင် Quality ကောင်းတာကို ရွေးချယ်သုံးစေချင်တယ်။ဘာကြောင့်လဲဆိုရင် ကိုင်းတံ၊ကြိုး၊စက်သီးတွေကstrong ဖြစ်ပြီး တကယ်ငါးနဲ့ ထိတွေရမယ့် ဗုံးချိတ်ကိုတွေ အားအနဲဆုံး အစိတ်အပိုင်းတစ်ခု အနေနဲ့ မဖြစ်စေချင်လို့ပါ။နောက်တစ်ခုကတော့ ကျတော်က ဗုံးချိတ် ချည်ထားတဲ့နေရာမှာ mono leader ၆ပေလောက် ခံသုံးဖြစ်တယ်။ဘာကြောင့်လဲ ဆိုရင် mono leader က ငါးအကိုက်ရဲသလိုခြုံတွေ ဒိုက်ချီးတွေ နဲ့ ငြိနေခဲ့ရင် ရေစိုပြီး ပွနေတဲ့ Pe ကြိုးထက် ကြိုးပြတ်နိုင်မှု့ကို လျော့ချ ပေးနိုင်လို့ပါ။သုံးသင့်တာတွေအကြုံပြုပြီးပြီဆိုတော့ကွင်းရွေးကြရအောင် ,,,,
” ပစ်ကွင်းရှာခြင်း ”
အရင်ဆုံး ကိုယ်ဗုံးပစ်မယ့်နေရာကို အရင်လေ့လာပါ။ရေပေါ်ရေအောက် စိတ်ကြိုက် ငါးကစားရမယ့် အနေအထားမျိုးပေါ့။ တစ်ခါတစ်လေ ရေပေါ်မှာ ငြိစရာ မရှိပေမယ့် ရေအောက်မှာ သစ်ပင်သစ်ကိုင်းတွေ ရှိနေတတ်ပြီး ငါးထိရင်
အဲ့သစ်ကိုင်းတွေ ပေးတဲ့ ဒုက္ခကြောင့် ရင်ခံခဲရဘူးလို့ပါ။အဲ့ထက် အရေးကြီးတာက ဗုံးပစ်မယ့်နေရာမှာ ဗုံးစာစားတတ်တဲ့ ငါးမျိုးစိတ်ရှိဖို့တော့ လိုပါတယ်။အဲ့တော့ ဖွဲစားငါးတွေ ဖြစ်တဲ့ ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ငါးဒန် စတဲ့ ဖွဲစားငါးတွေရှိရပါ့မယ်။လိုချင်တဲ့ ပစ်ကွင်းမျိုးရပြီဆိုတော့ အစာစပ်ကြမယ်ဗျာ။
” အစာဘယ်လိုစပ်မလဲ ”
ကျတော်ကတော့ အစာစပ်ပုံကို ကျတော် အသုံးပြနေကျအလွယ်ဆုံးနဲ့ အနီးစပ်ဆုံးရနိုင်မယ့်အစာကို ရွေးချယ်ပေးထားတယ်။အိမ်တိုင်းမှာတော့ ဆန်ရှိတာတော့သေချာပါတယ် အဲတော့ ဆန် နို့ဆီဘူး 3လုံးလောက်ကို ထမင်းပေါင်းအိုးနဲ့ရေနဲနဲပိုထည့်ပြီး အပျော့ ချက်လိုက်တယ်။ပြီးတာနဲ့ကြွပ်ကြွပ်အိတ်ထဲ လေလုံအောင် ထည့်ပြီး နေပူရင် နေပူထဲမှ နှစ်ရက်လောက်ချိတ်ထားလိုက်ရင် အစေ့ပျောက်နေသော ထမင်းချဉ်ကိုရပါပြီ။ထမင်းချဉ်ရတာနဲ့ အစာနယ်လိုကောင်းမယ့်အဝကျယ် ကော်ဇလုံထဲကို ဖွဲနုနဲ့ရောပြီး သမအောင်နယ်ပါ။

အဲ့တော့ မေးစရာတစ်ခုရှိလာမယ် ဆန် ၃ဘူးချက်ကို ဖွဲနုဘယ်လောက်ထည့်မလဲလို့။လွယ်ပါတယ် အစာမပျော့မမာဖြစ်ဖို့အတွက် ရေလုံးဝ (လုံးဝ)၊မသုံးပဲ ထမင်းချဉ်က ထွက်တဲ့ အရည်ကိုသာ ဖွဲချိန်ထည့်ပြီးနယ်လိုက်ပါ။တစ်ခုသိရမှာက ခုနယ်ထားတဲ့ မပျော့မမာ အနေတော်အနေအထားက တစ်ညလောက်သိပ်လိုက်ရင် ပုံမှန်ထက်ပျော့နေမှာပါပဲ။အဲတော့ ပေါင်မုန့်ကို အဆင်သင့်အမှုန့်ချေပြီးဆောင်ထားပါ။လိုအပ်သလောက် အပျော့အမာကို ပေါင်မုန့်မှုန့်ကို ချိန်ဆထည့်ရင်း လေလုံမယ့် ပုံးထဲကို သေသေချာချာ ထည့်ထားပါ။ ရက်ကြာကြာ ထားမယ်ဆိုရင် အဖုံကို လေလုံအောင် ဂရုစိုက်ပါ။လေမလုံလို့ ရက်ကြာသွားရင် ပိုးတွယ်တတ်ပါတယ်။အစာကို မမျှားခင်အနဲဆုံး 3 ရက်လောက်ကြိုတင် ပြင်ဆင်ထားပါ။ပြီးတော့ စပ်ထားတဲ့အစာကို လုံးဝကုန်းသွားတဲ့ ထိ အသုံးမပြုပဲ တစ်ဝက် လောက်လျော့ရင် ထက်ဖြည့်ရင်း အစာသစ်နဲ့ အစာဟောင်းကို အနံ ကွဲပြားမှု့လျော့ချစေချင်ပါတယ်။အစာကကြာကြာနှပ်ထားလေ ပိုကောင်းလေဆိုတော့အစာနှပ်ထားဖို့ အချိန်ရအောင် အစာကွက် သွားဖောက်ကြရအောင်ဗျာ။
”အစာကွက်ဘယ်လိုဖောက်မလဲ”
အပေါ်ကစပ်ထားတဲ့အစာကို တစ်ဝက်ခွဲပြီး အစာပေါက်ကြမယ်ဗျာ။အစာပေါက်စရာ လှေတွေဘာတွေ ရှိရင်တော့ အကောင်းဆုံးပေါ့ဗျာ။လှေနဲ့သွားပြီး သွန်ချရုံပဲ လွယ်တယ်လေလှေမရှိတော့ အစာကွက်ဘယ်လို လှမ်းပစ်ရပါ့မလဲ။လက်နဲ့
ပစ်ရအောင်လဲ အချက်တိုင်းနေရာမှန်ပြီး ဗုံးပစ်မယ့် အဝေးနေရာကို ရောက်ဖို့က မဖြစ်နိုင်။အကြံရပြီလေ ဗုံးချိတ် ကို ချိတ်မမြှပ်ပဲ စပရိန်မှာ အစာတပ်ရုံ သာ တပ်ပြီး ပစ်လို့ရတာပဲ။ပစ်ပြီး ရေထဲ ပလုံဆို အစာကျတာနဲ့ ရေအောက်ကြမ်း
ကို အစာလုံးကျမယ့် အချိန်တစ်ခု စောင့်ဆိုင်းပြီး ခါလိုက်ရုံပဲလေ။အဲ့မှာ ပြောစရာတစ်ခု ရှိလာပြီ ဘာလဲဆိုတော့ အစာကျွေးတာ နေရာမှန်ဖို့အတွက်ပါ။
ဗုံးစပရိန်မှာထည့်မယ့် အစာ
ဝိတ်ကို အနီးစပ်ဆုံး တူအောင် ချိန်ဆပါ။နောက်တစ်ခု ကိုင်းတံ ထိပ်ဆုံးကျောက်ကွင်းက နေ ထုတ်မယ် ကြိုးအရှည်ကို ဂရုစိုက်ပါ။တူညီပြီး အမြဲတမ်း ပစ်နိုင်မယ် အားတစ်ခုနဲ့ လွှဲပစ်ပါ။ဘယ်လို ပစ်ရမလဲဆိုတော့ မိမိခြေစုံရပ်ထားတဲ့ နေရာကို အမှတ်အသားတစ်ခု လုပ် ပြီး မျက်နှာမူရာ အရပ်ကသိသာထင်ရှားစေမယ့် အပင်တို့ တောင် တို့ စတဲ့ တည်မြဲနေရာကို ချိန်ရွယ်ပြီးပစ်ပါ။အဲလို မျိုး ဆက်တိုက်ပစ်နိုင်ရင်အစာကွက်က သိပ်မလွဲတော့ပါဘူး။ထိုသို့အစာကျွေးခြင်းကိုယ်တစ်ကယ်မျှားနိုင်မယ့်အချိန်တစ်ခုခုကိုသတ်မှတ်
ပြီး တစ်ပတ်လောက် ပုံမှန် ကျွေးစေချင်တယ်။ဥပမာ ၊ကိုယ်က မနက်ပိုင်းလား/ညနေပိုင်းလား ဆိုတာ။ ကဲအစာတွေလဲ အချိန်မှန် တစ်ပတ်ကျွေးပြီးပြီးဆိုတော့ ငါးလဲ အစာကွင်ကို ဝင်လာပြီ ဆိုတော့ ခုမှတကယ် မျှားရတော့မယ်
**ရေအောက်အစာလုံးပုံစံကို အနီးစပ်ဆုံးတွေးဆကြည့်ခြင်း***
***ရေပေါ်ဗုံးပစ်မှာလားရေအောက်ဗုံးပစ်မှာလား***
အထက်ကပြောသလို နေရာမှန်အောင်အစာကွက်ဖောက်ပြီးလို့ တကယ်မျှားမယ်ဆိုတော့ ဘယ်နည်းနဲ့မျှားမှာလဲ။ ဗုံးပစ်ခြင်းမှာ အခြေခံအားဖြင့် ရေပေါ်ဗုံးနဲ့ ရေအောက်ဗုံးဆိုပြီး နှစ်မျိုးရှိကြပါတယ်။အရင်ဆုံးကျတော်တို့ လူသုံးများတဲ့ ရေအောက်ဗုံးနဲ့ အရင်ဆုံးမျှားကြည့်ကြမယ်ဗျာ။
***ရေအောက်ဗုံးပစ်နည်း/အစာကိုချိတ်မြှပ်နည်း***
ကျတော်ရေအောက်ဗုံးပစ်နည်းမှာ အစာချိပ် တပ်ပုံ နှစ်မျိုးနဲ့မျှားလေ့ရှိပါတယ်။ ပထမနည်းကတော့ အစာလုံးကို ချိပ်အကုန်မြှပ်ပြီး မျှားတဲ့နည်းပါ။ဗုံးစာ ကို ပုံမှန် အလုံးလိုက်ကြီး ပြောင်ချော လုပ်ရမယ့်အစား ထောင့်ချိုးလေးတွေ ပေါ်အောင် ပုံဖော်ပြီး အဲ့ထောင့်ချိုးနေရာမှာချိတ်ကိုပက်လက်လှန်ပြီး မြှပ်ထားတာပါ။သဘောကတော့ ထောင့်ဖြစ်တဲ့အ
တွက်ငါးစားရတာ လွယ်ကူစေရန် အတွက် ရည်ရွယ်တာပါ။အခုအစာတပ်နည်းမှာ ဗုံးစာကို အပျော့အနေအထားနဲ့ အသုံးပြုပါတယ်။ဘယ်လောက်ပမာဏ ထိပျော့လဲ လို့မေးလာခဲ့ရင်တော့ လွှဲပစ်တဲ့ အားနဲ့ ဗုန်းခနဲ၊ရေနဲ့ ထိပြီးမကွဲရင် ရပါပြီ။သဘောကတော့ အစာလုံးထဲက ချိတ်က အစာပျော့ရင်၊
အစာကို စုတ်ယူ စားသုံးတတ်တဲ့ ဖွဲစားငါးတွေအတွက် ချိတ်ထွက် မြန်စေရန်အတွက်ပါ။ဒီအစာ မြှပ်နည်းမှာ သေချာသိစေချင်တာက (အစာကိုမမာစေချင်တာပါ)။အစာမာရင် ငါးထိဖို့ ရာခိုင်နှုန်း လျော့ကျသွားတတ်ပါတယ်။
နောက်တစ်မျိုးကတော့ စပျစ်ခိုင်/ပဒေသာ အစာတပ်နည်းပါ။ဒီနည်းကတော့ အလယ်ကစပရိန်ကို ဗုံးစာလုံးထားပြီး ချိတ်တွေအကုန်လုံးကို အပြင်မှာထားပြီးအစာတပ် အသုံးပြုရပါတယ်။အားနည်းချက်ကတော့ ပစ်ရင် အဝေး သိပ်မရောက်ပါဘူး။ပိုက်လန့်နေတဲ့ နေရာမျိုးမှာ စပရိန်ဘေးကကြိုးတွေ က လန့်တတ်တဲ့ငါးတွေအတွက် အစာဝင်ကောက်ဖို့ အဟန့်အတား ဖြစ်စေပါတယ်။ အားသာချက်ကတော့ ငါးအထိ မြန်ပါတယ်။သဘာဝကန်ရိုင်းတွေအတွက် သင့်တော်သော အစာတပ်အသုံးပြုနည်းပါ။
ပုံထဲက ပဒေသာ ဗုံးကိုတော့ ကျတော် ရေအောက် ငါးဒန် မျှားတဲ့ နေရာမှာ အသုံးပြုနေကြပါ။ ချိတ်မှာပေါင်မုန့်ကို ပဒေသာတပ်ပြီး သုံးထားတာပါ။ အဲဒီလို အနေအထားမျိုးမှာ သုံးမယ်ဆိုရင် မိတ်ဆွေတို့အနေနဲ့ အလယ်စပရိန် အစာက မာနေဖို့လိုပါတယ်။ဘာကြောင့်လဲဆို အဝေးမရောက်မှာစိုးလို့ အားထည့်ပြီးလွှဲပစ်ဖို့ လိုအပ်လို့ပါ။
***ကိုင်းတံ/စက်သီး အထိုင်ချမယ်***
အစာတပ်နည်းတွေ သိပြီဆိုတော့ အစာရေထဲရောက်ပြီးရင် ကိုင်းတံ၊စက်သီးတွေကို နေရာချကြမယ်ဗျာ။အစာလုံးကို ပစ်ပြီးတာနဲ့ ကိုင်းတံအဖျား ၁ပေ လောက်ကို ရေအောက်ထဲနှစ်ပြီး မလိုအပ်ပဲ ရေပေါ်မျောသွားတဲ့ ကြိုးတွေကို ဖြည်းဖြည်းချင်း ပြန်ရစ်ပြီး
ကြိုးသိမ်းပါမယ်။သဘောကတော့ Pe ကြိုးက ရေမစို သေးတော့ ရေပေါ်မျောနေလို့ ကြိုးရေနစ်လိုက်တာပါပဲ။သက်ရောက်မှု ကတော့ရေအောက် ကြိုးမြှပ်သွားတဲ့အတွက် လေတိုက်တဲ့ အခါ လှိုင်းနဲ့ ကြိုးတွေ လှုပ်ရမ်းနေမှု့ကို လျော့ချစေချင်လို့ပါ။
*** ကိုင်းတံကို ဘယ်လိုထားမလဲ***
အများစုကတော့ အဆင်ပြေသလို ထောင်ကြပါတယ်။ကျတော်ကတော့ 15ဒီဂရီ လောက်ပဲ ေဆာင်းပြီး ထောင်ပါတယ်။သဘောကတော့ ၁၀ပေအနက်လောက်သာရှိတဲ့ ကန်တွေမှာမသိသာပေမယ့် ရေနက်ကန်တွေ၊ဆည်တွေမှာဆိုရင် အစာလုံးနားက ကြိုးတွေက ကြမ်းပြင်မှာကပ်မနေပဲ ကြိုးတန်းလန်း ဖြစ်နေပြီး အစာစားသိမ်မွေ့တဲ့ ငါးကြင်းမျိုးနွယ်တွေအတွက်
ကြိုးလန့်မှုအဟန့်အတား ကို လျှော့ချစေချင်လို့ပါ။စက်သီး drag ကို ဘယ်လိုချိန်မလဲဆိုရင် 30ရာခိုင်နှုန်းလောက်တော့တင်းထားပါတယ်။ အကုန်ပြင်ဆင်ပြီးပြီဆိုတော့ ငါးကစားကြတော့မယ်လေ
***ငါးဘယ်လို ထိန်းကျောင်းမလဲ***
#ဆက်ရန် စောင်း